၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ စစ်ရေးရည်မှန်းချက်တွေက ဘာလဲ

292,932
0
Published 2024-07-03
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ စစ်ရေးရည်မှန်းချက်တွေက ဘာလဲ
……………
ဇွန်လ ၂၅ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဦးဆောင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

‘၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း’ ဟု အမည်ပေးထားပြီး ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်များတွင် အဓိက တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီတပ်က ဒါဇင်နှင့်ချီသည့် စစ်စခန်းများကို တစ်ပတ်အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA ဦးဆောင်နေသည့် ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးအဖွဲ့တချို့ ပူးပေါင်းပါဝင်နေရာ ထိုအထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များစွာလည်း ပါဝင်သည်။

MDY-PDF ၏ အဓိကရည်မှန်းချက်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးမြို့သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး ဖြစ်သည်။

သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ စစ်ရေးရည်မှန်းချက်များနှင့်ပတ်သက်ပြီး MDY-PDF မှ ဒေါက်တာစိုးသူရဇော် ကို ဆက်သွယ်မေးမြန်းထားသည်။

ဒေါက်တာစိုးရသူဇော်သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့ဇာတိဖြစ်ပြီး၊ ဝန်ထမ်းများမဖြစ်မနေတက်ရသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် လူမျိုးရေး၊ ဘာသာရေးဝါဒမှိုင်းများကို အဓိကသင်ကြာပို့ချနေကြောင်း ဖွင့်ချခဲ့သည့် ‘ဇီးပင်ကြီးစစ်တမ်း’ ကို ရေးသားခဲ့သူ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာသည့် ဒေါက်တာစိုးသူရဇော်သည် စစ်ကောင်စီကို ခြေသံလုံလုံဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။

မေးမြန်း- စထွန်းအောင်

All Comments (21)
  • @Suu2703
    Dr စိုးသူရဇော် Dr တေဇာဆန်း သိပ်ကိုလေးစားရတယ် အပ်ကိုင်ပြီး လူအသက်ကယ်ခဲ့သလို လိုအပ်ရင် Gun ကိုင်ပြီးလဲ ပြည်သူတွေကို ကာကွယ်ပေးတယ်... ပြည်သူတွေပို့သတဲ့မေတ်တာတွေ ရကြပြီး ဘေးကင်းလုံခြုံပါစေကြောင်း ဆုတောင်းပေးပါတယ်ရှင်
  • @aungmaung9198
    နောက်ဆုံး ပြောသွားတဲ့စကားလေးက အသက်...😊.. တကယ်တိုက်ရင်တကယ်ရ တယ် မင်းအောင်လှိုင်ကလည်း တကယ်လှူတယ်...😅 လေးစားပါတယ် MDY.PDF..Dr. စိုးသူရဇော်...💪💪💪...✊ နိုင်ကို နိုင်ရ မယ်..
  • @Komoeway
    တကယ်တိုက်ရင် တကယ်ရတယ်၊ မအလ ကလဲ တကယ်လှူပါတယ်တဲ့၊ မိုက်တယ်။
  • လေးစားပါတယ် ဒါပေမဲ့ ရန်သူကိုအထင်မသေးပါနဲ့ ​မပြောသင့်စကားတွေကိုမပြောပါနဲ့
  • မြန်မာတနိုင်ငံလုံးမှာရှိတဲ့ PDF တပ်ဖွဲ့တွေအားလုံးထဲမှာMDY-PDF ကလက်သံအပြောင်ဆုံးနဲ့စည်းစံနစ်အကျဆုံးဘဲ..NLD အစိုးရလက်ထက်ကလည်းမန္တလေးကအသန့်ရှင်းဆုံးနဲ့စည်းကမ်းအကျဆုံးဘဲ..ရန်ကုန်မြို့တော်ဝန်နဲ့မန္တလေးမြို့တော်ဝန်ယှဉ်ရင်တောင်မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကအတော်ဆုံးဆိုပြီးပြည်သူတွေကြားအမှတ်ပေးခဲ့ကြရတာ.. BRAVO MANDALAY👍👍👍
  • @MYOOO-dj4ps
    ရန်သူ့လက်နက် ကိုယ့်လက်နက် သာဓု...သာဓု....သာဓု..ပါခင်ဗျာ
  • ကြားရတဲ့စကာတေက ဝမ်သာစရာတေကြီးပါပဲ မဟာမိတ်၃ဖွဲ့နဲ့အတူ တောင်ပိုင်းအဖွဲ့သားများ PDFရဲဘော်များအားလုံး ဘေးရန်ကင်းရှင်းစွာနဲ့ တော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်​ဗျာ ❤❤❤
  • ၁၀၂၇စစ်ဆင်ရေးမှမြန်မာတပြည်လုံးသိမ်းနိုင်ပါစေ....တရားသောစစ်မုချနိုင်ရမည်
  • @ZawZaw-mn1md
    လေးစားပါတယ်ဒေါတ်တာစိုးသူရဇော် 🎉🎉🎉
  • @deenana9216
    မိစ္ဆာကိုတိုက်တဲ့ချစ်မိတ်ဆွေ တို့ အားလုံးဟိရိသြတပကင်းတဲ့ အမနုဿ မသမာတို့၏ဘေးရန်များ ကင်းဝေးကြပါစေ ❤❤❤❤❤
  • လေးစားပါတယ်သူရဲကောင်းများ ဘေးရန်အပေါင်းကင်းဝေးပါစေ အောင်မြင်ပါစေ ❤❤❤❤❤❤❤❤❤
  • @eiphyu7965
    ❤🙏❤ဒေါက်တာစိုးသူရဇော် 🎉ဘေးကင်းအောင်မြင်ပါစေ🎉တိုက်တိုင်းနိုင်ပါစေ🙏❤🙏
  • @YehttYehtet
    များများသိန်းမြန်မြန်တိုက် အယုတ်တမာဖက်စစ်တပ် အပြီးတိုင်ကျရုံးပါစေ
  • @thihasoe400
    အော်ပညာတတ်လို့မပြောရဘူး စကားပြောဆိုတာကအစ ပညာသားပါလိုက်တာ ဗျာ MDY PDF တွေနဲ့ တိုင်းရင်းသား ERO တွေ နိုင်ငံအနှံက ပြည်သူကာကွယ်ရေးတပ်မတော်သားတွေ ပြည်သူတရပ်လုံးဘေးကင်းကြပါစေ အရေးတော်ပုံအောင်ရမယ်🎉
  • @shweyoe471
    လေးစားပါတယ်ဒေါက်တာစိုးသူရဇော်
  • @ZawZaw-mn1md
    စခတပ်က TNLA နဲ့ MNDA ကိုငယ်ကြောက်ဖြစ်သွားပြီ စခတပ်ကစစ်ဦးကြိုးသွားပြီမလှန်နိူင်တော့ဘူး
  • TNLA ရထားတဲလက်နက် PDFသံုးလိုဘယ်ကုန်မလဲ ကျဥ်ပဲလိုတယ် ကျဥ်က အဘသားနားပြန်ဝယ် အများကြီး ဝယ်တိုင်းရနေတာ ပိုက်ဆံပဲလိုတယ်
  • ဟာ ဆရာအဲ့လိုပေါ်တင်ကြီးအလှုရှင်ထောက်ပို့နာမည်ဘာလို့ထုတ်ပြောလိုက်တာလည်း သူတပည့်လုပ်ဖေါ်ကိုင်ဖက်တွေသိကုန်တော့မယ် သိသာသိစေမမြင်စေနဲ့တဲ့ဆရာ😂😂😂😂😂
  • ဟုတ်တယ် မအလ ကြောင့် တပ်စခန်းတွေ အများကြီး ကျ ဆုံးနေတာ 😅
  • @NOOOB69420
    ❤❤🎉🎉ကျန်းမာကြံ့ခိုင်လို့ ဘေးကင်းလုံခြုံရှိကြပါစေ ဆရာတို့ တစ်ဖွဲ့လုံး နှင့် EROs.❤❤🎉🎉ပြည်သူ့သူရဲကောင်းများအားလုံး