ပဲခူးဆရာတော်ပစ်သတ်ခံရမှု သံဃာထုတစ်ရပ်လုံး နိုးကြားကြရန် အထင်ကရဆရာတော်တစ်ပါး မိန့်ကြား

534,965
0
Published 2024-06-20
ပဲခူးဆရာတော်ပစ်သတ်ခံရမှု သံဃာထုတစ်ရပ်လုံး နိုးကြားကြရန် အထင်ကရဆရာတော်တစ်ပါး မိန့်ကြား
……………….

စာပေကျမ်းဂန်တွင် ထင်ရှားသည့် ဆရာတော်တစ်ပါး ယမန်နေ့က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းသည် မျက်မြင်သက်သေ ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်သွားပြီ ဖြစ်သည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ရေးသားပြုစုခဲ့သော ကျန်းဂန်စာပေများသည် မြန်မာနိုင်ငံရှိ သိန်းနှင့်ချီသော စာသင်သားသံဃာတော်များ မှီငြမ်းရသည်အထိ ထင်ရှားသည်။

ထို့ကြောင့် ဆရာတော် ပျံတော်မူခြင်းသည် သံဃာထုတစ်ရပ်လုံးအတွက် ဆုံးရှုံးမှုဖြစ်ခြင်းသည်ဟု ပိတကဋ်သုံးပုံအနက် နှစ်ပုံအာဂုံဆောင်ပြီးသည့် ဆရာတော် ဦးပညိဿရာလင်္ကာရ က မိန့်ကြားသည်။

All Comments (21)
  • လက်ရှိဖြစ်နေတဲ့အမှန်တရားကို ရဲရဲရင့်ရင့်ဟောကြားတော်မူပေးတဲ့ဆရာတော်ဘုရားအား ဦးခိုက်ရှိခိုးပါသည်ဘုရား🙏🙏🙏
  • @sandaw88
    မုသားစကားပြောဆိုလေ့ရှိသူမှာ ၊ မလုပ်ရဲ သော အကုသိုလ် ဟူသည် မရှိချေ။
  • အမှန်တရားကိုမိန့်ကြားတဲ့ဆရာတော်ဘုရား ဘေးရန်ကင်းပါစေ ဘုရား 🙏🙏🙏🙏🙏🙏🙏🙏🙏
  • @qilongzhang
    ပြောကြားသွားတဲ့ ဆရာတော် ကို ကရင် တစ် ယောက် အနေနဲ လေးစား ကြည် ညို ရှစ် ခိုးပါ ၏
  • သတ္တိရှိစွာပြောကြားသွားတဲ့ဆရာတော်ကိုလေးစားကြည်ညိုပါတယ်ဘုရား 🙏🙏🙏
  • @kyinsann2399
    ဆရာတော်ဘုရား ဂရုစိုက်သတိထားပါဘုရာ့
  • @linnthidalwin
    ဆရာတော် ဘေးကင်းပါစေ အစစအရာရာသတိရှိပါ ဘုရားး 🙏🙏🙏 ဖွင်ပြောတဲ့ မင်္ဂလာဒုံ ဆရာတော်ကြီးကိုညကခေါ်သွားပြီ ဖတ်ရလို့ပါဘုရား 😔
  • သီလ သမာဓိပညာပြည့်စုံလှစွသော ဝိနည်းသိက္ခာတော်များနှင့်အညီ အများကြည်သူတပည့်ဒါယကါများ၏လောကီလောကုတ်နှစ်ဖြာသောအကျိုးကိုရှေးရှုပြီးမိန့်တော်မူပါသောဆရာတော်ကိုဦးခိုက်ရို့ကျိုးရှိခိုးပါ၏
  • @KoTaw-bj5pc
    အင်မတန် ကောင်းသော တန်ဘိုးရှိသော မိန့်ကြားချက်ပါ🙏🙏🙏 ဦးတင်ပါ၏ ဘုရား
  • @utun-bp6dq
    အတိုင််း ထက်အလွန် အမှန်ကိုဟောပြောညွှန်ပြတာကို သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်
  • ကျေးဇူးကြီးမားလှပါသော ဆရာတော်ဘုရားကြီးအား ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏ဘုရား🙏🙏🙏😢😢😢
  • @zawzaw-pt9sq
    မင်္ဂလာပါ ဘုရား ဝမ်းနည်းကြေကွဲ ရပါတယ်ဘုရား 🙏🙏🙏
  • @myatthura2020
    ကျေးဇူး ကြီးမားလှပါတယ် ဘုရား။ရိုသေစွာ ရှိခိုးပါ၏ ဘုရား။
  • @kokyaw1102
    သီလသမာဓိပညာနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးတွေကဘုရားတရားအမှန်တွေကိုဟောပြပေမဲ့ လူတိစ္ဆာန်တွေမသိပါဘူးဘုရား
  • @tinkhaing8231
    ဆရာတော်ဘုရား ကောင်းရာသုဂတိ လာရောက်ပါစေ🙏🙏🙏🙏🙏
  • @mifnvu-pm1kk
    ဦးခိုက်ပူဇော်ပါတယ် အရှင်ဘုရား အမှန်တရားတွေပါဘုရား
  • @uhan8395
    ပီဒီအက်တွေ သတ်လို့သံဃာတရာနည်းပါးသေတာ ဘယ်ဘုန်းကြီးမှပါးစပ်မဟပဲ အဲ့ဒီဘုန်းကြီးတရားနည်းပါးဆုံးရှုံးမှုမဟုတ်ဘူးလား သံဃာတွေစဥ်းစားသင့်ပါတယ် ပြည်ဖျက်မီဒီယာတွေ ကြောင့်တိုင်းပြည်မဆူပူစေချင်ပါဘူးသတိရှိကြပါဘုရား
  • ဘုရားတွေဖြိုသံဃာတွေသတ်ပြည်သူ့အိုးအိမ်အသက်တွေဖျတ်ဆီးနေမှတော့ဒီမင်းဆုတ်ဘာလုပ်ရမှာလဲအမြန်ဆုံးကျဆုံးပါစေ
  • ဆရာ တော်ကြီးရဲ့တပည့်သံဃာတော်များဒါကာဒါကာမများနည်းတူအထူးဝမ်းနည်းကြေကွဲရပါတယ်
  • ပြည်သူလည်းမျိုးသုန်းသလိုသံဃာတော်တွေလည်းမျိုးသုန်းကြတော့မယ် အဓမ္မမှန်းသိသိကြီးနဲ့ ဓမ္မတရားကို ပိုသိတယ့် သံဃာတော်တွေ ပါဝင်ဖြေရှင်းဖို့အချိန်တန်ပါပြီ